ဂျပန်ဘာသာစကားကိုစိတ်ဝင်စားပြီး ဂျပန်နိုင်ငံသို့ ပညာတော်သင်သွားလိုသော ကျောင်းသား/သူ များအားလုံးအတွက် Fuji San Japanese Language School သည် ရန်ကုန်မြို့လယ်ခေါင် တာမွေအဝိုင်းထိပ်၌တည်ရှိပြီး ၊ ကျောင်းသူ/သား များစိတ်အေးချမ်းစွာ ပညာသင်ကြားလေ့လာနိုင်ရန်အတွက် သန့်ရှင်းသပ်ရပ်ပြီး တိတ်ဆိတ်ငြိမ်သက်သော ပတ်ဝန်းကျင်တွင် ကျယ်ဝန်းသောအဆောက်အဦး စာသင်ခန်းများဖြင့် ဖွင့်လှစ်သင်ကြားပေးနေပါသည်။
ထို့အပြင် ဂျပန်လူမျိုးဆရာ ၊ ဆရာမများနှင့် အတွေ့အကြုံရင့်ကျက်သောဝါရင့်ဆရာ ၊ ဆရာမများက ဂျပန်နိုင်ငံရှိ Language School ကျောင်းများတွင် လက်ရှိအသုံးပြုနေသော သင်ရိုးညွှန်းတမ်းများနှင့် ခေတ်မှီသင်ထောက်ကူ ပစ္စည်းများကို အသုံးပြု၍ သင်ကြားပေးလျက်ရှိပါသည်။ ကျောင်းသား/သူ များဂျပန်စာကို လွယ်ကူစွာသင်ကြားနိုင်ရန်နှင့် ဂျပန်နိုင်ငံနှင့် ပါတ်သက်သော ဗဟုသုတများ ၊ နိုင်ငံတကာဗဟုသုတများ ရရှိနိုင်စေရန်အတွက် ကျောင်းစာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ထားပါသည်။
Fuji San Japanese Language School သည် တိကျမှန်ကန်သောဝန်ဆောင်မှုများကြောင့် ကျောင်းသူ/သားများသာမက ကျောင်းသားမိဘများ၏ ယုံကြည်မူ ၊ စိတ်ချမူကိုရရှိထားသော ကျောင်းတစ်ကျောင်းဖြစ်ပါသည်။ ထို့ကြောင့် ဂျပန်နိုင်ငံသို့ သွားရောက် ပညာသင်ကြားလိုသော ကျောင်းသူ/သားအရေအတွက် နှစ်စဉ်နှစ်တိုင် တိုးပွားလျက်ရှိပါသည်။ ၂၀၁၃ ပညာသင်နှစ်အတွင်းတွင် ကျောင်းသား/သူ ၂၁ ယောက်ဂျပန်နိုင်ငံသို့သွားရောက်ပညာသင်ကြားနိုင်ခဲ့ပါသည်။ နှစ်စဉ် ၁လပိုင်း ၊ ၄လပိုင်း ၊ ၇လပိုင်း နှင့် ၁၀လပိုင်းတို့တွင် ဂျပန်နိုင်ငံဒေသအတွင်းရှိ ဂျပန်ဘာသာ သင်တန်းကျောင်းများသို့ အဆင်ပြေလွယ်ကူစွာတက်ရောက် သင်ကြားနိုင်ရန်အတွက် ဆောင်ရွက်ပေးလျှက်ရှိပါသည်။
အထက်ဖော်ပြပါ ဘာသာစကားသင်တန်းကျောင်းများမှ သင်တန်းပြီးဆုံးသွားသည့်အခါ တက္ကသိုလ် ၊ ကောလိပ် ၊ အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများတွင် မိမိနှစ်သက်ရာအထူပြုဘာသာရပ်ဖြင့် ဆက်လက်၍ ပညာသင်ကြားနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ဂျပန်ဘာသာစကားသင်တန်းကျောင်းများမှ ထူးချွန်စွာ အောင်မြင်သော ကျောင်းသား/သူများသည် တက္ကသိုလ် ၊ ကောလိပ် ၊ အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများသို့ ဆက်လက်တက်ရောက်သည့်အခါ ကျောင်လခကင်းလွတ်ခွင့်များ ၊ ပညာတော်သင်ထောက်ပံ့ကြေးများကိုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ဂျပန်ဘာသာကိုစိတ်ဝင်စားပြီး ဂျပန်နိုင်ငံသို့ ပညာသင်သွားရောက်လိုသူ မည်သူမဆို Fuji San Japanese Language School သို့ လွတ်လပ်စွာ ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

ကျောင်းသား/သူ များဂျပန်စာကို လွယ်ကူစွာသင်ကြားနိုင်ရန်နှင့် ဂျပန်နိုင်ငံနှင့် ပါတ်သက်သော ဗဟုသုတများ ၊ နိုင်ငံတကာဗဟုသုတများ ရရှိနိုင်စေရန်အတွက် ကျောင်းစာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ထားပါသည်။
ထူးချွန်စွာ အောင်မြင်သော ကျောင်းသား/သူများသည် တက္ကသိုလ် ၊ ကောလိပ် ၊ အသက်မွေးဝမ်းကျောင်းပညာသင်ကျောင်းများသို့ ဆက်လက်တက်ရောက်သည့်အခါ ကျောင်လခကင်းလွတ်ခွင့်များ ၊ ပညာတော်သင်ထောက်ပံ့ကြေးများကိုလည်း ရရှိနိုင်မည်ဖြစ်ပါသည်။
